လူထုအမှတ်သညာပွဲတော်

Open History Myanmar

လူထုအမှတ်သညာပွဲတော်မြန်မာ

The Open History Festival brings out the changes, events, and continuities of a particular people from the point of view of the people who experienced them. Through these exhibitions and festivals, different generations learn together about the past. They share their understandings of what happened, why, and what it means for the present and future. The Open History Festivals include art, photography, documentaries, literature, poetry, local arts and crafts, and presentation of research. Through these many angles, means, and points of view, the generations come to understand the plural nature of their experience and society. This also creates stronger connections between generations, as issues that many never discussed are brought out and examined by many eyes.

လူထုအမှတ်သညာပွဲတော်သည် ဒေသတွင်း လူမှုအဖွဲ့အစည်းတစ်ခုပြောင်းလဲလာပုံကို လူထုကြားက သမိုင်းအဖြစ် ချဉ်းကပ်လေ့လာကာ ဓာတ်ပုံမှတ်တမ်းများ အနုပညာပစ္စည်းများဖြင့် ပြပွဲအဖြစ် ခင်းကျင်းပြသရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ထိုပြပွဲများမှတဆင့် မတူညီသောမျိုးဆက်များက မိမိဒေသပြောင်းလဲဖြစ်ထွန်းလာမှုများကို အတူတကွ လေ့လာကြည့်ရှုရန်ဖြစ်ပါသည်။

ဓါတ်ပုံ၊ ပန်းချီ၊ မော်ကွန်း ဗီဒီယို၊ ကဗျာ၊ စာပေတို့ဖြင့်ပေါင်းစပ်ခင်းကျင်းကာ လူကြီးလူငယ်မျိုးဆက်တို့ကြားမှ ကွာဟချက်များကို နားလည်တက်စေရန် မတူညီသော အဖွဲ့အစည်းများ ပေါင်းစပ်ထားသောလူမှုအဖွဲ့အစည်းဖြစ်ကြောင်း ခံစားတတ်စေရန် စေ့စပ်စာနာတတ်သော မျက်လုံးများဖြင့် လူမှုဘဝတို့ကို ကြည့်မြင်စေရန် ခင်းကျင်းသော အနုပညာနှင့် အမှတ်သညာပွဲတော်ဖြစ်ပါသည်။

What happens when we fail to face up to history? We cannot hide from it, or have it hidden from us, We will not have a clear path for out journey into the future without learning all the lessons history holds. In Myanmar, most of us are not taught a real, plural history in school. We are not taught social history. We are not taught about the pluralism of our past. We have to learn that on our own.

We believe the past is a gateway to the future. We must pass through this gateway on our way to the future. That is why we have created the Open History Project.

ကျွန်တော်တို့ဟာ သမိုင်းကိုမျက်နှာချင်းမဆိုင်ရဲ ရှောင်လွှဲဖုံးကွယ်နေလို့မရပါဘူး

သမိုင်းရဲ့သင်ခန်းစာကို ယာညက်သလိုကြေညက်မှ အနာဂါတ်ခရီးကို ဖြောင့်ဖြောင့်သွားလို့ရပါမယ်

ဒါကြောင့်အတိတ်သမိုင်းဆိုတာ အနာဂတ်ကိုသွားရာ အဝင်တံခါးဝဖြစ်တယ်လို့ယုံကြည်ပါတယ်

ဒါကြောင့်ကျွန်တော့်ရဲ့ Open History Project-လူထုအမှတ်သညာပွဲတော်ကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်


Magway City – မကွေးမြို့

Magway is a divisional capital in central Myanmar. The city is famous for seasonal crops such as peanuts and sesame. It is known as the Big Oil Pot for the country. It is the university city for middle Myanmar.

မကွေးမြို့တော်သည် မြန်မာပြည်အလည်ပိုင်းတွင် ‌ရှေးအစဥ်အဆက် ကတည်းက တည်ရှိသော မြို့တော်ဖြစ်သည်။ ဆီထွက်သီးနှံပေါများ၍ မြန်မာပြည်၏ ဆီအိုးကြီးဟုထင်ရှားသည်။ အချက်အခြာကျ၍ မြန်မာနိုင်ငံ အလယ်ပိုင်း၏ တက္ကသိုလ်မြို့တော် ဖြစ်လာသည်။ မကွေးမြို့တော်၏ ပြောင်းလဲလာသော ပုံရိပ်များကို ထင်ဟပ်စေသည့် လူထုအမှတ်သညာပွဲတော်ကို ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့ပါသည်။

Magway City- Exhibition Photos

မကွေးမြို့ – ပြပွဲတွင်ပြသခဲ့သောပုံရိပ်များ

Magway City – Prepares and collects

မကွေးမြို့ – စုဆောင်းနေမှုနှင့် ပြင်ဆင်နေမှုပုံရိပ်များ

Magway City – Festival Photos

မကွေးမြို့ -ပွဲတော်ပုံရိပ်များ


Hpa-an City – ဘားအံမြို့

ဘားအံမြို့တော်သည် ကရင်ပြည်နယ်၏ ရုံးစိုက်မြို့တော်ဖြစ်ကာ သံလွင်မြစ်ကမ်းပါးပေါ်တွင် အရေးပါသော မြို့ဖြစ်ပါသည်။ ဘားအံမြို့သည် ကရင်လူမျိုးများသာမက မွန်၊ ဗမာ၊ ပအို့ စသောတိုင်းရင်းသားအချို့လည်း နေထိုင်ကြသည်။ မြဝတီနယ်စပ်မြို့များသို့သွားရာ လမ်းဆုံမြို့လည်းဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေး‌နွေးရာနေရာလည်း ဖြစ်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးအတွက် အချက်အချာကျသောမြို့လည်းဖြစ်ပါသည်။ ဘားအံမြို့တော်တွင် လူထုအမှတ်သညာပွဲတော်ကို ၂၀၁၉ တွင်ကျင်းပခဲ့ရာ ဓာတ်ပုံစုဆောင်းမှုနှင့် ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး ရရှိကာ ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်ဝန်ကြီးအဖွဲ့၏ ပံ့ပိုးမှုတို့ကြောင့် ဘက်ပေါင်းစုံမှ သမိုင်းချဥ်းကပ်မှု ပိုမိုထိရောက်ခဲ့ပါသည်။

Hpa-an City – Exhibition Photos

ဘားအံမြို့ – ပြပွဲတွင်ပြသခဲ့သောပုံရိပ်များ

Hpa-an City – Prepares and collects

ဘားအံမြို့ – စုဆောင်းနေမှုနှင့် ပြင်ဆင်နေမှုပုံရိပ်များ

Hpa-an Festival Photos

ဘားအံမြို့ – ပွဲတော်ပုံရိပ်များ

လူထုအမှတ်သာညာပွဲတော် ဘာအံမြို့ နှင့်ပက်သက်၍ Open History Project – Hpa-an website တွင်ထပ်မံလေ့လာနိုင်ပါသည်


Dawei City – ထား၀ယ်မြို့

ထားဝယ်မြို့သည် တနင်္သာရီတိုင်း၏မြို့တော်ဖြစ်ကာ အလွန်ထူးခြားလှပသော သဘာဝဝန်းကျင်နှင့် ရှည်လျားသော ပင်လယ်ကမ်းခြေတို့ကြောင့် အထူးထင်ရှားပါသည်။ ထားဝယ်မြို့သည် အလွန်ရှေးကျသော မြို့တော်ဖြစ်ကာ ကိုယ်ပိုင်ဘာသာစကား၊ ယဥ်ကျေးမှု၊ ထုံးတမ်းစဥ်လာတို့ ကြွယ်ဝသော ဒေသဖြစ်ပါသည်။ အနုပညာရှင်များစွာထွန်းကား၍ အသိပညာကိုအားပေးသော မြို့ဖြစ်ပါသည်။ ထားဝယ်မြို့လူထုအမှတ်သညာပွဲတော်ကို ၂၀၁၉၊ နိုဝင်ဘာတွင် ကျင်းပခဲ့၍ ပထမဆုံး ကွင်းပြင်တွင်ကျင်းပသော ပွဲတော်ဖြစ်ပါသည်။ ထားဝယ်မြို့ သမိုင်းဆိုင်ရာဓာတ်ပုံများသာမက ပျောက်ကွယ်လုယဥ်ကျေးမှုများကိုလည်း ပြန်လည်တင်ပြနိုင်ခဲ့ပါသည်။

Dawei City – Exhibition Photos

ထား၀ယ်မြို့ – ပြပွဲတွင်ပြသခဲ့သောပုံရိပ်များ

Dawei City – Prepares and collects

ထား၀ယ်မြို့ – စုဆောင်းနေမှုနှင့် ပြင်ဆင်နေမှုပုံရိပ်များ

Dawei City – Festival Photos

ထား၀ယ်မြို့ – ပွဲတော်ပုံရိပ်များ

လူထုအမှတ်သာညာပွဲတော် ထား၀ယ်မြို့နှင့်ပက်သက်၍ Open History Project – Dawei website တွင်ထပ်မံလေ့လာနိုင်ပါသည်


Pathein City – ပုသိမ်မြို့

ပုသိမ်မြို့သည် အလွန်ရှေးကျသော ပင်လယ်ကမ်းခြေမြို့ဖြစ်ကာ ဧရာဝတီတိုင်း၏မြို့တော်လည်း ဖြစ်ပါသည်။ မြန်မာပြည်၏ ဆန်အိုးကြီးဟုထင်ရှားကာ ပုသိမ်ထီးလုပ်ငန်းကဲ့သို့ ယဥ်ကျေးမှုထုတ်ကုန်များလည်း ရှိပါသည်။ ပုသိမ်မြို့မှတ်တမ်းနှင့် ဓာတ်ပုံများစွာကို ကိုလိုနီခေတ်တွင် မှတ်တမ်းတင်ခဲ့သကဲ့သို့ ရာဇဝင်များမှ ထုတ်နှုတ်ရေးသားခဲ့သော စာအုပ်များလည်းရှိပါသည်။ ပုသိမ်မြို့တွင် မွန်၊ ကရင် တိုင်းရင်းသားအများစုနေထိုင်ကြသည်။ ပုသိမ်မြို့၊ လူထုအမှတ်သညာပွဲတော်ကို ၂၀၂၀ တွင်ကျင်းပရန် စီစဥ်ထားပါသည်။


Meiktila City -မိတ္ထီလာမြို့

မိတ္ထီလာမြို့သည် မြန်မာပြည်အလယ်ပိုင်း လမ်းပန်းဆက်သွယ်ရေးအချက်အချာကျသော မြို့ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကတည်းက မြန်မာပြည်အတွက် စစ်ရေးအရ အဓိကကျသော မြို့လည်းဖြစ်ပါသည်။ မြန်မာပြည်အထက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ‌အောက်မြန်မာပြည်နှင့် ကုန်းလမ်းအရ ဆက်သွယ်ပေးသော မြို့လည်းဖြစ်သည်။ ရှမ်း၊ မြန်မာတိုင်းရင်သားများနှင့် အိန္ဒိယ၊ တရုတ်လူမျိုးများ ရောနှောနေထိုင်ကြ၍ ဒဏ္ဍာရီများတွင် နာမည်ကျော်သော မိတ္ထီလာကန်တော်လည်း ရှိပါသည်။ မိတ္ထီလာမြို့၊ လူထုအမှတ်သညာပွဲတော်ကို ၂၀၂၀ တွင်ကျင်းပရန် စီစဥ်ထားပါသည်။


Yangon University
ရန်ကုန်တက္ကသိုလ်

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ ၂၀၂၀ ခုနှစ်တွင် နှစ်၁၀၀ ပြည့်ပြီဖြစ်ပါသည်။ ရာပြည့် သဘင်ပွဲကို ၂၀၁၉ ဒီဇင်ဘာမှ၂၀၂၀ ဒီဇင်ဘာအထိ တစ်နှစ်ပတ်လုံး ကျင်ပရန် ရာပြည့်ကော်မတီမှ စီစဥ်ထားပါသည်။ တက္ကသိုလ် ရာပြည့် အမှတ်သညာပွဲတော်ကို သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ် နှင် ပန်းဆိုးတန်းပန်းချီခန်းမတို့ ပူးပေါင်း၍ ဖွင့်ပွဲတွင် စတင်ကျင်းပခဲ့ပါသည်။ ပညာရေးစကား၀ိုင်များ ၊ ဟောပြောပွဲများ ၊ ဆွေးနွေးပွဲများပါ၀င်၍ ရှားပါး ဓာတ်ပုံဟောင်းများစွာ ခင်းကျင်းပြသနိုင်ခဲ့ပါသည်။ ဇွန်လလယ်တွင် ဒုတိယပွဲ ကျင်းပရန် စီစဥ်ထားသော်လည်း ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် ‌‌ရွှေ့ဆိုင်းထားပါသည်။

လူထု အမှတ်သညာ ပွဲတော် မှတ်တမ်းရုပ်ရှင်များ

လူထု အမှတ်သညာ ပွဲတော် မှတ်တမ်းရုပ်ရှင်များ



Documentary Awards – ဆုရမှတ်တမ်းရုပ်ရှင်များ

Magway City – မကွေးမြို့ ဆုရမှတ်တမ်းရုပ်ရှင်များ



Hpa-an City – ဘားအံမြို့ ဆုရမှတ်တမ်းရုပ်ရှင်များ



Dawei City – ထား၀ယ်မြို့ ဆုရမှတ်တမ်းရုပ်ရှင်များ


Pathein City – ပုသိမ်မြို့ ဆုရမှတ်တမ်းရုပ်ရှင်များ


တတိယဆု

အတွေးအိမ်မက်၊ အပိုင်း (၁)ဒါရိုက်တာ – ကိုဇော် (KZB)၊ တွဲဖက်ဒါရိုက်တာ – ကိုသီဟ (ပန်းလိပ်ပြာ)


Photo Awards – ဆုရမှတ်တမ်းဓာတ်ပုံများ

Magway City – မကွေးမြို့ဆုရမှတ်တမ်းဓာတ်ပုံများ


ပထမဆု

ဒုတိယဆု

တတိယဆု



Hpa-an City – ဘားအံမြို့ဆုရမှတ်တမ်းဓာတ်ပုံများ


ပထမဆု

ဒုတိယဆု

တတိယဆု



Dawei City – ထား၀ယ်မြို့ဆုရမှတ်တမ်းဓာတ်ပုံများ


ပထမဆု

ဒုတိယဆု

တတိယဆု



Pathein City – ပုသိမ်မြို့ဆုရမှတ်တမ်းဓာတ်ပုံများ


ပထမဆု

ဒုတိယဆု

တတိယဆု



Meikhtila City – မိတ္ထီလာမြို့ဆုရမှတ်တမ်းဓာတ်ပုံများ


ပထမဆု

ဒုတိယဆု

တတိယဆု



Contact

Contact

Find us in Yangon

286(1st Floor) Pansodan,
Yangon
Myanmar

Send Us a Message